(29-3-2025) မန္တလာမင်းက Express bus ကားများ၊ ကရိန်းကားနှင့်၂၂ ဘီးတွဲကားများ ဖြင့်ကယ်ဆယ်ရေးကျွမ်းကျင်ပညာရှင်များနဲ့ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ဆေးဝါးနဲ့ အရေးပေါ်ပစ္စည်းများအားကူညီသယ်ဆောင်ပေးခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ စင်ကာပူ၊အိန္ဒိယ၊ စတဲ့လေယာဉ်မျာအားမနက်အစောထဲကစောင့်ကာ ကယ်ဆယ်ရေးပညာရှင်များနဲ့ပစ္စည်းများ ငလျှင်ဘေးသင့်ဒေသများသို့ စောလျှင်စွာရောက်ရှိရေးပါဝင်ကူညီပေးခဲ့ပါတယ်။