မန္တလာမင်း Express သည် မြန်မာနိုင်ငံအနှံ့ရှိ အဓိကမြို့များကို ချိတ်ဆက်ပေးသည့် လုံခြုံ၊ သက်သာပြီး ယုံကြည်စိတ်ချရသော ဘတ်စ်ကားဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။ ခေတ်မီသော ယာဉ်များ၊ ကျယ်ဝန်းပြီး အနားယူနိုင်သည့် ထိုင်ခုံများ၊ ခရီးသွားအဆင်ပြေမှုများနှင့် သီးသန့်နားနေခန်းများအပြင် အခြားအဆင်ပြေမှုများကို ပေးဆောင်ကာ ခရီးစဉ်တိုင်းကို သက်သာချမ်းသာစွာ ဖြတ်သန်းနိုင်ရန် အာမခံပါသည်။
ခရီးသည်များ၏လုံခြုံရေးကို အဓိကဦးစားပေးသည့်အနေဖြင့် ယာဉ်တိုင်းတွင် စည်းကမ်းလိုက်နာသည့် ယာဉ်မောင်း၂ဦးနှင့် အကူ၂ဦးထားရှိပါသည်။
မန္တလာမင်း Express များသည် Airbag ပါဝင်သည့် အဆင့်မြင့်မော်ဒယ်အသစ်များဖြစ်ပြီး၊ ထိုင်ခုံများသည် ကျယ်ဝန်းပြီး သက်သောင့်သက်သာစီးနင်းနိုင်ပါသည်။
မန္တလာမင်း Express များတွင် လေအေးပေးစနစ်များကို ထည့်သွင်းပေးထားပြီး၊ ခရီးသည်များ အပန်းဖြေစေရန် ၃၂ လက်မ LCD တီဗွီများကိုလည်း တပ်ဆင်ပေးထားပါသည်။
ခရီးသည်များ အဆင်ပြေရန်အတွက် Mandalar Minn Express မှ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းသော VIP နားနေခန်းကို ထားရှိပေးထားပါသည်။ နားနေခန်းတွင် အိမ်သာနှင့် ရေချိုးခန်းများ ပါဝင်ပြီး VIP ခရီးသည်များအနေဖြင့် ယာဉ်မထွက်ခွာမီနှင့် ရောက်ရှိပြီးနောက်တွင် သက်တောင့်သက်သာ စိတ်အေးချမ်းသာစွာ နားနေနိုင်ပါသည်။